<p align="center">Return & Refund Policy</p>

  • Best Trend Online မှထုတ်ကုန်ပစ္စည်းများကို ရောင်းချပေးရာတွင် ရောင်းချပေးသောကုမ္ပဏီများနှင့် Best Trend Online တို့ကြား အာမခံချက်များ အပြည့်အဝရရှိထားလို့ စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ဖို့အတွက် အာမခံချက် အပြည့်အဝပေးထားပါသည်။

  • ပစ္စည်းဝယ်ယူပြီး ၇ရက်အတွင်း ပစ္စည်းတွင် Factory Error သို့မဟုတ် Factory Damage တစ်ခုခုပါရှိပါက Return ပြုလုပ်နိုင်သည်။

  • ပစ္စည်းလက်ခံရရှိချိန်တွင် ပစ္စည်းတွင် Factory Error သို့မဟုတ် Factory Damage တစ်ခုခုပါရှိသည်ကိုတွေ့ရှိသည်နှင့် Order Number ၊ ပစ္စည်းအမျိုးအစားနှင့်ဖြစ်ပေါ်သော Error အပြည့်အစုံတို့ကို သက်ဆိုင်ရာ Admin Team သို့မဟုတ် besttrendmyanmarofficial@gmail.com သို့ ချက်ချင်းဆက်သွယ် အကြောင်းကြားပေးရန်လိုအပ်ပါသည်။

  • Return ပြုလုပ်သောပစ္စည်းတွင် အသုံးပြုသူကြောင့်ဖြစ်ပေါ်သော User Fault Damage များ Error များရှိပါက ‌Return ပြုလုပ်နိုင်မည်မဟုတ်ပါ။

  • Return ပြုလုပ်မည့်ပစ္စည်းသည် ပစ္စည်း၏မူလထုတ်ပိုးမှု ပုံစံမပျက်( ပစ္စည်းလက်ခံရရှိသည့်ပုံစံအတိုင်းရှိ)မှသာ Return ပြန်လည်ပြုလုပ်နိုင်မည်။

  • ပစ္စည်းဗူးခွံများပေါက်ပြဲခြင်း၊ ဘောက်ချာစာရွက်မပါရှိခြင်း သို့မဟုတ် ပျောက်ဆုံးခြင်း၊ Warranty Card မပါဝင်ခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများရှိပါက Return ပြုလုပ်နိုင်မည်မဟုတ်ပါ။

  • ရန်ကုန်၊မန္တလေးမြို့ထဲတွင်း သတ်မှတ်ထားသော မြို့နယ်များမှ ၇ရက်အတွင်း Return Process ပြုလုပ်လိုပါက Delivery ဖြင့်ပစ္စည်းလာရောက်ယူဆောင်ပေးမည်ဖြစ်ပြီး အခြားသောမြို့များ Return Process ပြုလုပ်လိုပါက အသုံးပြုသူဖက်မှ Return ပြုလုပ်မည့်ပစ္စည်းကို ကားဂိတ် သို့မဟုတ် Royal Express မှပြန်လည်ပို့ဆောင်ပေးရပါမည်။

  • Best Trend Online မှ မှာယူလိုက်သော ပစ္စည်းများကို လက်ခံရရှိသည့်အခါ -
    • မှာယူထားသော ကုန်ပစ္စည်းမှားယွင်းနေခြင်း
    • မှာယူထားသော အရောင်လွဲမှားနေခြင်း
    • မှာယူထားပြီးပစ္စည်းများ အနာအဆာပါရှိလာခြင်းတို့ဖြစ်ပါက ထိုပစ္စည်း၏မူလထုတ်ပိုးမှု ပုံစံမပျက် Best Trend Online သို့ပေးပို့ပြီး ကျသင့်သည့် တန်ဆာခကို လူကြီးမင်းတို့ထံမှ ပေးဆောင်ရမည်ဖြစ်ပါသည်။

  • ပစ္စည်းလွဲမှားခြင်းကို Return ပြန်လည်ပြုလုပ်ရာတွင်လည်း ပစ္စည်းဗူးခွံများပျက်စီးခြင်း ပစ္စည်းတွင် User Fault Damage များပါဝင်နေပါက Return ပြုလုပ်နိုင်မည်မဟုတ်ပါ။

  • သင်ပြန်လည်ပေးပို့ရခြင်း အကြောင်းအရင်းနှင့် ကိုက်ညီမှု ရှိမရှိစစ်ဆေးပြီး ကိုက်ညီမှုရှိခဲ့လျှင် လူကြီးမင်းတို့၏ ပစ္စည်းအမှန်နှင့် ပြန်လဲပေးခြင်းတို့ ပြုလုပ်ပေးပါမည်။ကိုက်ညီမှုမရှိပါက သင့်အားအကြောင်းကြားပြီးပြန်လည်ပို့ဆောင်မည် ဖြစ်ပါသည်။

  • အချို့သောကိစ္စရပ်များအတွက် Refund ပြန်လည်ပြုလုပ်ရန်လိုအပ်ပါက Refund ပြန်လည်ပြုလုပ်ပေးရမည့် Payment Channel ပေါ်မူတည်၍ Business Day 7 Days မှ Business Day 15 Days အထိကြာမြင့်နိုင်ပါသည်။

  • Return ပြုလုပ်နိုင်သည့်ကာလကျော်လွန်ပြီးမှ Factory Error တစ်စုံတစ်ခုဖြစ်ပေါ်ပါက Warranty Card၊ ဘောက်ချာ၊ ပစ္စည်းဗူးခွံအပြည့်အစုံတို့ဖြင့် Service Center သို့ Service ပြန်လည်ပြသနိုင်ပါသည်။

  • Warranty Card၊ ဘောက်ချာ၊ ပစ္စည်းဗူးခွံတို့မရှိပါက Service ပြန်လည်ပြုလုပ်ပေးနိုင်မည်မဟုတ်ပါ။

  • ပစ္စည်းလေးကို Service Center သို့အပ်နှံပြီးပါက Business Day 10 Days အတွင်း Service ပြုလုပ်ပေးမည်ဖြစ်ပါသည်။

  • တစ်စုံတစ်ရာ အငြင်းပွားဖွယ်ရာကိစ္စများဖြစ်ပေါ်လာပါက Best Trend Online ၏ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

  • အသေးစိတ်မေးမြန်းလိုသည်များရှိပါက besttrendmyanmarofficial@gmail.com သို့လည်းကောင်း ဖုန်းနံပါတ် 09 773 603 090 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။